Saturday 29 March 2008

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့ ဆိုရိုးစကားလေးဟာ အင်မတန်မှ တန်ဖိုးရှိလှပါတယ်။ စာအုပ်စာပေများကို ဖတ်ခြင်းဟာ ကိုယ့်ရဲ့ အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်ဖို့ မိတ်ဆွေကောင်းကြီးပါပဲ။ ဘယ် စာအုပ်ပဲဖြစ်ဖြစ် ဖတ်ပြီးသွားရင် ကိုယ့်ရဲ့စိတ်သဏ္ဍာန်မှာ ဗဟုသုတ တိုးပွားသွားတာတော့ အမှန်ပါပဲ။ ဒီအကြောင်းအရာကို အားလုံး လည်း နားလည်ထားကြပါတယ်။ သို့သော်လည်း စာပေများ အမြဲဖတ်ဖို့ ၀ါသနာအထုံ ဖြစ်လာဖို့ရာ မြန်မာလူငယ်များအနေဖြင့် နည်းပါးလျက်ရှိတာကိုတွေ့ရပါတယ်။ သူများတွေသိနေတဲ့ အရာ တစ်ခုကို ကိုယ်ကဘာလို့မသိတာလဲဆိုတဲ့ အကြောင်းရင်းကို မရှာကြဘူး။ မသိလည်းဘာမှ မဖြစ်ပါဘူးဆိုပြီး အလွယ်တကူ နေ တတ်ကြတယ်။ အကြောင်းရင်းက ရှင်းပါတယ်။ စာမှ မဖတ်တာ ကိုး။ ဘယ်လိုသိတော့မှာလဲ။ ဗုဒ္ဓရဲ့(၃၈)ဖြာမင်္ဂလာတရားထဲမှာ လည်း ဗဟုသစ္စဉ္စ အကြားအမြင် ဗဟုသုတရှိခြင်းသည် ဧတံမင်္ဂလ မုတ္တမံ ကောင်းမြတ်သော မင်္ဂလာတရားတို့ပေတည်းလို့ ဟောကြား ထားတာ ရှိပါတယ်။ အကြားအမြင်ဗဟုသုတ ရှိဖို့ စာပေဖတ်နေ ခြင်းဟာ မင်္ဂလာတရားဖြစ်နေရုံမျှမက ကိုယ်ဖတ်နိုင်ရင် ဖတ်နိုင်ရင် ဖတ်နိုင်သလောက်၊ လေ့လာနိုင်ရင်လေ့လာနိုင်သလောက် အကျိုး တွေဖြစ်နေတာ ဗဟုသုတတွေဖြစ်နေတာပါ။ စာဖတ်ခြင်းနဲ့ ပတ်သက်လို့ အနည်းငယ်ပြောပြ တိုက်တွန်းတာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ အနေနဲ့ တရားစာပေများကို ပိုမိုဖတ် သင့်ပါတယ်။ ဘာကြောင့်လဲ အကြောင်းရင်းကို ရှာကြည့်ရအောင်။ မြတ်စွာဘုရားရှင်ဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုး တွေအတွက် အလုံးစုံသောတရားတွေကို ဟောပြပေးခဲ့တယ်။ ရဟန်း၊ မိဘ၊ ဆရာ၊ ဒကာ၊ သားသမီး၊ တပည့်ကျင့်ဝတ်တွေ၊ (၃၈)ဖြာမင်္ဂလာတရားတော်တွေ၊ ကုသိုလ်ဖြစ်အောင် ဘယ်လို နေရမလဲ၊ စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲ၊ အကျိုးစီပွား အတွက် ဘာတွေလုပ်သင့်သလဲ၊ ဘာတွေလုပ်ရမလဲဆိုပြီး အသေး စိတ်ကအစ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်အောင်အထိ တရားတွေ သွန်သင်ဆုံးမ ဟောပြပေးခဲ့တယ်။ ထိုတရားတော်များ ကို သံဃာတော်များမှ အခက်အခဲ မြောက်များစွာ ကျော်လွန်ကာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တယ်။ ဘုရား၊ တရား(ဓမ္မ)၊ သံဃာ တော်များရဲ့ ကျေးဇူးတော်ဟာ အင်မတန်မှ ကြီးမားလှပါတယ်။ ဆရာတော်ဘုရားကြီးများနှင့် အရိယာသူတော်စင်များဟာ မြတ်စွာ ဘုရားရှင်တရားတော်များကို ကိုယ်တိုင်လေ့လာမှတ်သား ကျင့်ကြံ ကြိုးကုတ်၍ စာဖတ်သူများနားလည်အောင် ရှုထောင့်အမျိုးမျိုးမှ ရေးသားဟောကြားပေးနေခဲ့တယ်။ ကျွန်တော်တို့ဟာ ဆရာတော် ကြီးများရဲ့ လွယ်ကူရှင်းလင်းစွာ ရေးသားမှုကို ဖတ်၍ မှတ်သား ရုံပါပဲ။ အဲဒါလေးကို ပြင်းနေတာတော့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတော့ ရှာစရာမလိုတော့လောက်ပါဘူး။ တရားစာများ ကို ဖတ်ကြားနေခြင်း၊ တရားတော်များကို နာကြားနေခြင်းဟာလည်း တရားအားထုတ်နေခြင်းပါပဲ။ ဖတ်နေတဲ့အချိန်လေးမှာ ဒိဋ္ဌိ၊ တဏှာ၊ မာနလေးခဏဖြုတ်ထားပြီး ဖတ်ပါ။ နိဗ္ဗာန်ရောက်ကြောင်း အ ထောက်အပံ့တွေဖြစ်နေတာပါ။ ကုသိုလ်တရားတွေ လုပ်နေတာပါ။
ထို့ကြောင့် စာပေများလည်းဖတ်ပါ။ တရားစာပေများကိုတော့ ပိုမို ဖတ်သင့်တယ်လို့တိုက်တွန်းချင်ပါတယ်။ တရားစာပေများဖတ်ခြင်း အားဖြင့် ဗဟူသစ္စဉ္စ မင်္ဂလာတရားဖြစ်နေမယ်။ အသိဉာဏ် ဗဟုသုတတွေ တိုးပွားနေမယ်။ နိဗ္ဗာန်ရောက်ကြောင်း အထောက် အပံ့ကုသိုလ်တရားတွေဖြစ်နေမယ်။ တရားစာပေများဘာကြောင့် ဖတ်သင့်သလဲဆိုတဲ့ အကြောင်းရင်းကိုပြောပြတာပါ။ တရား စာပေကျန်းဂန်များကို လေ့လာဖတ်မှတ်တာဟာ တေဝေမူမရှိပဲ စိတ်ကိုတိကျရှင်းလင်းစေပါတယ်။ ဓမ္မချစ်ခင် စိတ်ကောင်းဝင်ကြ သော မိတ်ဆွေအပေါင်းတို့သည် တရားဓမ္မများကို လေ့လာ မှတ်သား၍ သံသရာဝဋ်ဆင်းရဲမှ မလွတ်မီ သာသနာအကျိုး၊ နိုင်ငံ အကျိုးကို ဆထက်တပိုး ထမ်းရွက်နိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ ဖြစ်ကြပါစေ။

No comments:

»သုသေသန သရုပ်ပြ အဘိဓာန်
» ဗုဒ္ဓလမ်းညွှန် အကျင့်မှန်
» ဉာတပရိညာ (ခေါ်) ရှေးဦးဝိပဿနာအခြေခံတရားတော်
» မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာသစ်သုတပဒေသာ၊ လင်းယုန်မောင်မောင် စုဆောင်းပြုစုသည်။
» ဆယ်စောင်တွဲ ကျမ်း
» ဆရာကြီးဦးဌေးအောင်၏ ဗုဒ္ဓ၏လူ့သဘာဝဓမ္မပညာကို သိပ္ပံပညာဖြင့် ချဉ်းကပ်ခြင်း
» ဒေါက်တာမင်းတင်မွန်၏ အဘိဓမ္မာအနှစ်ချုပ်
» ဓမ္မချမ်းသာတွေ့အောင်ရှာ
» ဆရာကြီးဦးရွှေအောင်၏ ဘ၀ကျဉ်းသား
» ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း
» ဆရာကြီးဦးရွှေအောင်၏ ထေရ၀ါဒအုတ်မြစ်
» ဆရာကြီးဦးရွှေအောင်၏ ဓမ္မပဒ
» အရှင်အာဒိစ္စရံသီ(ဦးဆန်းလွင်)၏ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း
» ရွှေဘိုမိမိကြီးရေးသားသော အနာဂါရိက ဓမ္မပါလ
» ပဋာစာရီ
» သုခမှတ်စု
» မောင်သွေးချို၏ ဘ၀ကြမ်းမှ ဓမ္မလမ်းသို့
» မြန်မာတို့၏ကိုးကွယ်မှုနှင့် ကိုယ်ကျင့်တရား သဘောတို့ကို ဒဿနရှုထောင့်မှလေ့လာခြင်း
» ၀င်းသိန်းဦး၏ ရှေ့ဘ၀၊ နောက်ဘ၀ ဗုဒ္ဓမဝေဖန်
» မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ » ဒေါက်တာမင်းတင်မွန်၏ တရားတော်မြတ်ကိုဘာကြောင့်ကိုးကွယ်ထိုက်သလဲ